FDI ဝင်ရောက်မှု အောက်တိုဘာလအတွင်း $ ၁၀ ဘီလီယံ ကျော်သွားခဲ့

Mon, 11/03/2014 - 23:44 -- IT_local

    ၂၀၁၄ ခုနှစ် အောက်တိုဘာလအတွင်း ကိုရီးယားနိုင်ငံတွင်းသို့နိုင်ငံခြားရင်းနှီးမြုပ်နှံမှုပမာဏ သည် $ ၁၀ ဘီလီယံကျော် ဝင်ရောက်ခဲ့သည်။ ယင်းပမာဏသည် ကိုရီးယားသို့ FDI ဝင်ရောက်မှု စံချိန်ချိုးသွားခဲ့ခြင်းဖြစ်သည်။ ကိုရီးယား ကုန်သွယ်မှု၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန၏ အောက်တိုဘာလ ၃၁ ရက်နေ့ထုတ်ပြန်သော သတင်းအရ အောက်တိုဘာလ ၂၄ ရက်နေ့တွင် FDI ဝင်ရောက်မှုသည် $ ၁၀ ဘီလီယံသို့ရောက်ရှိခဲ့သည်ဟု သိရှိရသည်။ အောက်တိုဘာလ ၃၀ ရက်နေ့တွင် FDI ဝင်ရောက်မှု သည် $ ၁၀.ဝ၉ ဘီလီယံ ရှိခဲ့ပြီး၊ ယင်းပမာဏသည် ယမန်နှစ်က ၁၀ လတာကာလအတွင်း FDI ဝင်ရောက်မှု၏ ၄၅.၂% တိုးလာခဲ့သည်။ ၄င်းအပြင် ၂၀၁၃ ခုနှစ် တစ်နှစ်လုံး FDI ဝင်ရောက်မှုသည် $ ၉.၈ ဘီလီယံသာ ရှိခဲ့သည်ကိုလည်းတွေ့ရသည်။
    ဖော်ပြပါ FDI ဝင်ရောက်မှုပမာဏတွင် ကိုရီးယားနိုင်ငံတွင်း သွယ်ဝိုက်ရင်းနှီးမြုပ်နှံမှုများဖြစ် ကြသော stocks နှင့် bonds များဝယ်ယူခြင်းတို့ ပါဝင်ခြင်းမရှိချေ။ FDI ဝင်ရောက်မှုသည် တရုတ်၊
ဟောင်ကောင်နှင့် တိုင်ဝမ်တို့မှ အဓိကဝင်ရောက်ခဲ့ကြပြီး၊ ကိရိယာအစိတ်အပိုင်းများ ထုတ်လုပ်မှုအပိုင်း၊ ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းများနှင့် အိမ်ခြံမြေလုပ်ငန်းများတွင် အဓိကရင်းနှီးမြှုပ်နှံကြသည်ကို တွေ့ရှိရသည်။ (ကိုးကားချက် - Korea Economic Daily)

 

Undefined