August 2014

Taiwan International Green Industry Show

Fri, 08/01/2014 - 10:46 -- admin_im@2018

Taiwan Int'l Green Industry Show ကို ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၆ ရက်မှ ၉ ရက်ထိ ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။ အဆိုပါပြပွဲတွင် မြန်မာနိုင်ငံအတွက် Booth တစ်ခု အခမဲ့ပေးမည်ဖြစ်ကြောင်းသိရှိရပါ၍် စိတ်ဝင်စားသူများ ပါဝင်ပြသနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

 

 

 

 

ထိုင်ဝမ်တွင် ကုန်စည်ပြပွဲကျင်းပရန် ကမ်းလှမ်းခြင်း

Wed, 08/06/2014 - 11:25 -- admin_im@2018

          ထိုင်ဝမ်တွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စများနှင့် စွမ်းအင်နှင့်သက်ဆိုင်သော ထုတ်ကုန်များ အစရှိသည်တို့ကို ပြသရန် “ Green  Product  Show  ` ကို ပြုလုပ်မည် ဖြစ်ပါသည်။  မြန်မာနိုင်ငံမှ ပါဝင်ပြသလိုသူအတွက် ပြခန်းတစ်ခုကို အခမဲ့ ပြသခွင့်ပေးမည်ဖြစ်ပါသည်။ စိတ်ပါဝင်စားသူများရှိပါက ပူးတွဲပါ DM နှင့် လျှောက်လွှာပုံစများရရှိနိုင်ပါသည်။TAITRA မှ ATPF အသင်းဝင် TPO အား အခမဲ့ တစ်ခန်းပြသခွင့်ရှိပါမည်။ အသေးစိတ်သိရှိလိုပါက ထိုင်ဝမ်ပြည်ပကုန်သွယ်မှုဖွံ့ဖြိုးရေးကောင်စီ Taiwan External Trade Development Council (TAITRA) သို့ အောက်ပါအတိုင်း ဆက်သွယ်နိုင်ပါသည်-

Tel: +886-2-2725-5200 ext.2658

ကုန်သွယ်မှု မြှင့်တင်ရေး ဌာနဦးစီးဌာန ပြုပြင်ပြောင်းလဲရေး Third Wave လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

Wed, 08/06/2014 - 15:42 -- admin_im@2018

ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၏ ပြုပြင်ပြောင်းလဲရန် Third Wave လုပ်ငန်း စဉ်များ ရှင်းလင်းဆွေးနွေးပွဲကို သြဂုတ်လ 1 ရက်နေ့က နေပြည်တော်၊ ရုံးအမှတ်(52)ရှိ အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ် ဦးတိုးအောင်မြင့်နှင့် ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့ကြပါ တယ်။

မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဝန်ကြီးမှ အသေးစား၊ အလတ်စား လုပ်ငန်းရှင် များအတွက် ကျပ် နှစ်ဘီလီယံ ထုတ်ချေးပေးနိုင်ရန် ဆပ်ကော်မတီဝင်များနဲ့ ဆွေးနွေး

Fri, 08/08/2014 - 12:15 -- admin_im@2018

             မန္တလေးတိုင်းဒေသကြီး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ရုံးခန်းတွင် ဩဂုတ်လ ၅ ရက်နေ့က အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ ဖွံ့ဖြိုး တိုးတက်ရေး ဆွေးနွေးပွဲပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ အသေးစားနှင့် အလတ်စား SME စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး လျှပ်စစ်ဝန်ကြီးမှ ချေးငွေများထုတ်ချေးပေးရန် ယခင်က တစ်ဘီလီယံ (ကျပ်သိန်းတစ်သောင်း) ထုတ်ချေး ပေးရန် အစီအစဉ် ရှိသော်လည်း ယခုအခါထပ်မံ၍ တစ်ဘီလီယံ (ကျပ် သိန်းတစ်သောင်း) ထုတ်ချေးမည်ဖြစ်သောကြောင့် စုစုပေါင်း နှစ်ဘီလီယံ (ကျပ်သိန်းနှစ်သောင်း)  ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါ ချေးငွေများမှ ထုတ်ချေးလိုသည်

ယခင်အပတ်ထက် ဈေးအနည်းငယ် အေးပေမဲ့ အရောင်းအဝယ် သွက်လက်လျက်ရှိတဲ့ မန်းပဲတီစိမ်းကြီး

Fri, 08/08/2014 - 12:24 -- admin_im@2018

မန္တလေးမြို့ပေါ်ရှိ ကုန်ဝယ်ဒိုင်၊ ပွဲရုံများသို့ အနယ်နယ်အရပ်ရပ်မှ ပဲတီစိမ်း ကြီးများ ဝင်ရောက်လျက်ရှိပါတယ်။ အများအားဖြင့် ဝမ်းတွင်း၊ မြစ်သား၊ ကျောက်ဆည်၊ တံတားဦး၊ စဥ့်ကိုင်၊ မတ္တရာ၊ စဥ့်ကူး၊ ငါန်းဇွန်၊ ရမည်းသင်း၊ ပခုက္ကူ၊ မုံရွာ၊ ချောင်းဦးစတဲ့ ဒေသများမှ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် ဩဂုတ်လ ပထမအပတ်မှာ ယခင်အပတ် (ဇူလိုင်လ နောက်ဆုံးပတ်) ဈေးအောက်အနည်းငယ်ရောက်ပေမဲ့ သိသိသာသာတော့ မဟုတ်ပါဘူး။ ယခင်နှစ် ကာလတူဈေးနဲ့ နှိုင်းယှဉ်ပါက များစွာမြင့်တက်ကြောင်း သိရပါတယ်။

အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ

Mon, 08/11/2014 - 14:28 -- admin_im@2018

မြန်မာနိုင်ငံ၏ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာရန်   ရည်ရွယ်၍ ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JIAC) နှင့် စက်မှုဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ SME  Development – Coordination among industrial , Trade and Investment Policy and effective delivery for SME promotion  အလုပ်ရုံဆွေးနွေးပွဲကို  ၂၀၁၄ခုနှစ်၊ သြဂုတ်လ (၉)ရက်နေ့ တွင် ရန်ကုန်မြို့ Park Royal Hotel တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာန၊ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးမြင့်စိုး “ဝန်ထမ်း စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်း (အမှုထမ်း) အမှတ်စဉ် (၁/၂၀၁၄)” သင်တန်းဖွင့်ပွဲသို့ တက်ရောက် အမှာစကား ပြောကြား

Tue, 08/12/2014 - 13:02 -- admin_im@2018

နေပြည်တော်-သြဂုတ်လ(၁၁)ရက် - နိုင်ငံတော်၏ပြုပြင်ပြောင်းလဲမှုများအား တတိယအဆင့် အရှိန်မြှင့်တင်မှု(Third Wave)လုပ်ငန်းစဉ်(၁) ဖြစ်သည့် ပြည်ထောင်စုဝန်ကြီးဌာန အလိုက် အမှုထမ်းများစွမ်း ဆောင်ရည်မြှင့်တင်ရေးသင်တန်းများဖွင့်လှစ်ဆောင်ရွက်ရန်လမ်းညွှန်ချက်အရ အမှုထမ်းများအတွက် “ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း(အမှုထမ်း)အမှတ်စဉ်(၁/၂၀၁၄)” သင်တန်းဖွင့်ပွဲအခမ်း အနားအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ကျင်းပပြုလုပ်ရာ စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေး မှူးချူ ပ် ဦးမြင့်စိုး တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။

ထိုင်းနိုင်ငံ ဗဟိုဘဏ်သည် မူဝါဒအတိုးနှုန်းကို ၂၀၀ % မှာပင် ဆက်လက်ထားရှိခြင်း

Wed, 08/13/2014 - 12:59 -- admin_im@2018

ထိုင်းနိုင်ငံ၌ ပြည်တွင်းသုံးစွဲမှု မြင့်တက်လာခဲ့ရာ ထိုင်းနိုင်ငံဗဟိုဘဏ်၏ ငွေကြေးမူဝါဒ ကော်မတီသည် ၆-၈-၂၀၁၄ ရက်နေ့တွင် ကျင်းပခဲ့သော အစည်းအဝေး၌ မူဝါဒအတိုးနှုန်းကို ၂.၀၀% မှာပင် ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့ပါသည်။ လက်ရှိ မူဝါဒအတိုးနှုန်းသည် စီးပွား ရေးပြန်လည် နလန်ထူမှုကို အထောက်အကူဖြစ်စေနိုင်သည်ဟူသော ယူဆချက်ဖြင့် ငွေကြေး မူဝါဒကော်မတီအဖွဲ့ဝင် (၇)ဦးစလုံးသည်  လက်ရှိမူဝါဒအတိုးနှုန်း ကို ပြောင်းလဲခြင်းမပြုရန် တညီတညွတ်တည်း မဲပေးဆုံးဖြတ်ခဲ့ကြကြောင်း သိရှိရပါသည်။

ထိုင်း-တောင်အာဖရိက နှစ်နိုင်ငံ ကုန်သွယ်မှု မြှင့်တင်ရေး ဆောင်ရွက်ရန် သဘောတူခြင်း

Wed, 08/13/2014 - 13:03 -- admin_im@2018

        ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလတွင် ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုအဖွဲ့ (BOI)နှင့် တောင်အာဖရိကနိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအဖွဲ့ (Trade and Investment South Africa _ TISA) တို့မှ လက်မှတ်ရေးထိုးမည့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး သဘောတူစာချုပ် အရ နှစ်နိုင်ငံကုန်သွယ်မှုကို ၂၀၁၇ ခုနှစ်၌ နှစ်နိုင်ငံကုန်သွယ်မှုကို အမေရိကန်ဒေါ်လာ ၉.၅ ဘီလီယံရရှိရန် ရည်မှန်းထားပါသည်။

စွမ်းအင်ဖွံ့ဖြိုးရေးစီမံကိန်း ပြန်လည်သုံးသပ်ခြင်း

Wed, 08/13/2014 - 13:09 -- admin_im@2018

         ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနသည် ကမ္ဘာ့စွမ်းအင် ဈေးနှုန်းများကို ထင်ဟပ်စေရန် စွမ်းအင်ဖွံ့ဖြိုးရေးစီမံကိန်းသစ် (၂၀၁၅-၂၀၃၅) ကို ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း အမြဲတမ်းအတွင်းဝန် Mr. Areepong က ပြောကြားခဲ့ပါသည်။ လက်ရှိစွမ်းအင်ဖွံ့ဖြိုးရေး စီမံကိန်း (Power development plan) ကို ပြီးခဲ့သည့်နှစ်၌ ၂၀၃၀ ခုနှစ်အထိ ဖွံ့ဖြိုးရေးအတွက် ပြင်ဆင်ရေးဆွဲရန် ရည်ရွယ်ခဲ့သော်လည်း ကြာရှည်နေသော နိုင်ငံရေးပဋိ ပက္ခများကြောင့် အစီအစဉ် ပျက်သွားခဲ့ရပါသည်။

Pages