“ 4th Ayeyar Trade Fair 2017 ” ကုန်စည်ပြပွဲကျင်းပပြုလုပ်မည်

Wed, 02/15/2017 - 15:03 -- MyanmaR_TradE_C...

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဦးစီး၍

ပြည်ပထွက်ကုန် အလား အလာရှိသော ဒေသထွက်ကုန်စည်ပြပွဲ (4th Ayeyar Trade Fair  2017 ) အား

 ၂၀၁၇ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သွားမည်

 ဖြစ်ပါသည်။ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့သည် ပို့ကုန်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်း

 ကုန်ထုတ်လုပ်မှု တိုးတက်လာစေရန် အတွက်ရည်ရွယ်ပြီး တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့တော်ကြီးများ

 အသီးသီး တွင် ဒေသထွက် ကုန်စည်ပြပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ပြီး ကုန်သွယ်မှုကဏ္ဍ တိုးတက်ရေးကို

 အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ပြပွဲကို ဈေးကွက်မြှင့်တင်ရန်၊ စီးပွားရေးမိတ်ဖက်များ

 တွေ့ဆုံရန်နှင့် ၀ယ်လက် အသစ်များ ရရှိစေရန်ရည်ရွယ်၍ ပြည်တွင်းပြည်ပထုတ်ကုန်အမျိုးမျိုး၊ စားသောက်ကုန်

 အမျိုးမျိုး၊ အ၀တ်အထည်များ၊ လျှပ်စစ်နှင့် လူသုံးကုန်ပစ္စည်းများ စသည့်ထုတ်ကုန်ပစ္စည်းများ ကို ခင်းကျင်းပြသ

 မည်ဖြစ်ပြီး ပြခန်းပေါင်း (၈၀) ခန့် ပါဝင်ပြသနိုင်ရန် စီစဉ် ဆောင်ရွက်ထားပါသည်။ စိတ်ပါဝင်စားသူများ

 အနေဖြင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှု

 ဖွံ့ဖြိုးရေးဌာနခွဲ (ရန်ကုန်) ၊ ဖုန်း ၀၁ ၂၅၄၀၂၄၊ Email: itpic.moc@gmail.com သို့ ဆက်သွယ်နိုင်ပါကြောင်း

 သတင်းကောင်းပါးအပ်ပါသည်။

Event Category: 
Date: 
Wed, 02/15/2017
Myanmar