Local News

အကြောင်းအရာပါကိစ္စနှင့် ပါတ်သက်၍ တရုတ်နိုင်ငံ၏ သွင်းကုန်များအပေါ် အကောက်ခွန် တိုးမြှင့် ကောက်ခံရန် အတည်ပြုခြင်းနှင့် စပ်လှဉ်းသည့် ကြောညာချက်တစ်စောင်ကို ၁၇-၉-၂၀၁၈ ရက်နေ့တွင် အိမ်ဖြူတော်မှ ထုတ်ပြန်ကြေညာခဲ့ပါသည် ၊၊ ယင်းကြေညာချက်တွင် တရုတ်နိုင်ငံ၏ မမျှတသည့် ကျင့်သုံးဆောင်ရွက်နေမှုများအား တုန့်ပြန်သည့် အနေဖြင့် အကောက်ခွန် တိုးမြှင့် ကောက်ခံခြင်း ဖြစ်သည် ၊၊  သတင်းအပြည့်အစုံကို အထက်တွင် ကြည့်ရှုနိုင်ပါသည် ၊၊
ယနေ့ ၁၀.၁၀.၂၀၁၈ နေ့ နေ့လည် ၁၄း ၃၀ နာရီတွင် ရန်ကုန်မြို့ ၊ ကမ်းနားလမ်းရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ၊ ပထမထပ်ရှိ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ၊ အစည်း အဝေးခန်းမတွင်   မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့  ၊   ညွှန်ကြားရေးမှူးချုပ်  ဦးအောင်စိုးမှ ကုန်သွယ်မှုသတင်းအချက်အလက်နှင့် သုတေသနဌာနခွဲရှိ ၀န်ထမ်းများနှင့် ရင်းနှီးစွာ တွေ့ဆုံ၍   ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းများကို ဆွေးနွေး ညွှန်ကြားခဲ့ပါသည် ။
အမျိုးသားပို့ကုန်မဟာဗျုဟာ၏ ကဏ္ဍအလိုက်ရုံးအဖွဲ့များနှင့် အပါတ်စဉ်ပုံမှန် ညှိနှိုင်းဆွေးနွေးခြင်း  
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရအဖွဲ့၏ ၃၁-၈-၂၀၁၈ ရက်စွဲပါ အမိန့် ကြော်ငြာစာ အမှတ် ၉၄/၂၀၁၈ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ဆင့်ပွားဈေးကွက်ဖြန့်ချိရေးလုပ်ငန်း (Multi Level Marketing) နှင့် စပ်လျဉ်း၍ တားမြစ်ခြင်း အမိန့်ကြော်ငြာစာကို ၂၀၁၈ ခုနှစ် ၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၄၆/၂၀၁၈) ဖြင့် ထုတ်ပြန်ထားပါသည် ။           အဆိုပါ အမိန့်ကြော်ငြာစာသည် အမိန့်ကြော်ငြာစာထုတ်ပြန်သည့်နေ့မှစ၍
အမျိုးသားပို့ကုန်မဟာဗျူဟာရှိ အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍအကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့အစည်းဝေးကျင်းပပြီးစီး အမျိုးသားပို့ကုန်မဟာဗျူဟာရှိ အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ၏ လက်ရှိကာလအထိ အကောင်အထည်ဖော်ပြီးစီးမှုအခြေအနေများအပေါ် လိုအပ်သည်များ ပြင်ဆင်ဖြည့်စွက်၍ ကုန်သွယ်ရေးနှင့်စီးပွားရေးလုပ်ငန်းများမြှင့် တင်ရေး အထူးလုပ်ငန်းအဖွဲ့ (Task Force) အစည်းအဝေးတွင် တင်ပြဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ အရည် အသွေးစီမံခန့်ခွဲမှုကဏ္ဍ လုပ်ငန်းအဖွဲ့အစည်းအဝေးကို ကျင်းပခဲ့ပါသည်။
အမျိုးသားပို့ကုန်မဟာဗျူဟာရှိ ပဲမျိုးစုံနှင့်ဆီထွက်သီးနှံကဏ္ဍ၊ ဘဏ္ဍာရေးဝန်ဆောင်မှုများ ရရှိနိုင်ရေးကဏ္ဍအကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့အစည်းအဝေးများကျင်းပပြီးစီး
အမျိုးသားပို့ကုန်မဟာဗျူဟာရှိ အထည်အလိပ်နှင့်အဝတ်အထည်ကဏ္ဍ အကောင်အထည် ဖော်ရေးလုပ်ငန်းအဖွဲ့အစည်းအဝေးကျင်းပပြီးစီးခြင်း အမျိုးသားပို့ကုန်မဟာဗျူဟာရှိ အထည်အလိပ်နှင့်အဝတ်အထည်ကဏ္ဍ ၏လက်ရှိကာလ အထိ အကောင်အထည်ဖော် ပြီးစီးမှုအခြေအနေများအပေါ် လိုအပ်သည်များ ပြင်ဆင် ဖြည့်စွက်၍ ကုန်သွယ်ရေးနှင့်စီးပွားရေးလုပ်ငန်းများမြှင့်တင်ရေးအထူးလုပ်ငန်းအဖွဲ့ (Task Force)အစည်းအဝေးတွင် တင်ပြဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်မြို့၌ အထည် အလိပ်နှင့် အဝတ်အထည်ကဏ္ဍလုပ်ငန်းအဖွဲ့အစည်းအဝေးကိုကျင်းပခဲ့ပါသည်။ NES Unit

Pages

Subscribe to Local News