● မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ နှင့် Department of International Trade Promotion (DITP) Thailand တို့ ပူးပေါင်း၍ Mini Thailand Week ကုန်စည်ပြပွဲကျင်းပ

Fri, 03/23/2018 - 17:01 -- IT_international

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ နှင့် ထိုင်းနိုင်ငံ၊ Department of International Trade Promotion (DITP) က ကြီးမှူးပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးရေးနှင့် အပြန်အလှန် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် Mini Thailand Week ကုန်စည်ပြပွဲကို ၂၂-၃-၂၀၁၈ မှ ၂၅-၃-၂၀၁၈ ထိ မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမတွင်  ကျင်းပမည်ဖြစ်ပါသည်။

        ကုန်စည်ပြပွဲတွင်  စီမံကိန်း၊ဘဏ္ဍာရေး၊လူဝင်မှုကြီးကြပ်နှင့် ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါ်နော်မူတာကပေါနှင့် ထိုင်းနိုင်ငံသံရုံးမှ စီးပွားရေးသံမှူး Mr. Pakainay Leng-EE  တို့ တက်ရောက်၍  အသီးသီး အဖွင့်အမှာစကားပြောကြားပြီး  အခမ်းအနားဖွင့်လှစ်ပေးခဲ့ ပါသည်။

        အဆိုပါ ကုန်စည်ပြပွဲသို့ မွန်ပြည်နယ်ပြည်သူ့လွှတ်တော်ဥက္ကဌ၊ စီမံကိန်း၊ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီး၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ဝန်ကြီးနှင့် ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ထိုင်းနိုင်ငံမှ ကုမ္ပဏီလုပ်ငန်းရှင်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြပါသည်။       ဖွင့်ပွဲအပြီးတွင် တာဝန်ရှိပုဂ္ဂိုလ်များမှ ပြခန်းအတွင်းသို့ လှည့်လည်ကြည့်ရှု့အားပေးခဲ့ ပါသည်။

         ပြပွဲတွင် ထိုင်းနိုင်ငံမှ ကုမ္ပဏီကြီးများမှ အဆင့်မြင့် လူသုံးကုန်၊ အလှကုန်၊ စားသောက်ကုန်များ၊ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ၊ အိမ်ယာဆောက်လုပ်ရေးလုပ်ငန်း၊ အိမ်တွင်းအလှဆင်လုပ်ငန်း၊ အီလက်ထရောနစ်ပစ္စည်းများ ပါဝင်ပြသခဲ့ကြောင်း သိရပါသည်။     

 

Myanmar
News Category: