“ Vietnam Expo In Myanmar 2017 ” ကုန်စည်ပြပွဲကျင်းပ
Fri, 12/15/2017 - 18:40 -- MyanmaR_TradE_C...
               ဗီယက်နမ်နိုင်ငံ၊ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ဦးစီးကျင်းပသည့် “Vietnam Expo
 In Myanmar 2017” ကုန်စည်ပြပွဲဖွင့်ပွဲကို ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် ၂၀၁၇
 ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက် နံနက် (၁၀:၀၀) နာရီတွင် ကျင်းပခဲ့ပါသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့
 ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ UMFCCI
 ဥက္ကဌ ဦးဇော်မင်းဝင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေး
 အဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး၊ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြား
 ထားသောဧည့်သည်တော်များအပါအ၀င် စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
 ပစ္စည်းများနှင့်  စက်ပစ္စည်းများ စသည်ဖြင့် ကုမ္ပဏီလုပ်ငန်းပေါင်း (၄၀) ကျော်မှ ပြခန်းပေါင်း (၁၀၀) ခန့်
 ဖြင့် စုံလင်စွာပြသထားပါသည်။ အဆိုပါပြပွဲအား ၁၄.၁၂.၂၀၁၇ မှ ၁၇.၁၂.၂၀၁၇ အထိ (၄)ရက်ကြာ
 ပြသမည်ဖြစ်ကြောင်းသိရှိရပါသည်။
Myanmar
News Category: