15th CAEXPO , Promotion Conference ပွဲ ကျင်းပ

Tue, 03/20/2018 - 00:04 -- MyanmaR_TradE_C...

(၁၅) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ ၂၀၁၈ အကြို Promotion Conference ပွဲကို

၁၉.၃.၂၀၁၈ ခုနှစ်၊ နံနက် ၁၀:၀၀ နာရီတွင် ရန်ကုန်မြို့၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊

ပဉ္စမထပ်၊ အစည်းအဝေးခန်းမတွင်  ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ စီးပွားရေးနှင့်ကူး

သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ

တာဝန်ရှိသူများ၊  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ

တာဝန်ရှိသူများ၊ ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအသီးသီးမှ ဖိတ်ကြားထားသည့်

ဧည့်သည်တော်များ၊ ကုမ္ပဏီလုပ်ငန်းများမှ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သတင်းမီဒီယာများ

အပါအ၀င် စုစုပေါင်း  (၈၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်း

ဝယ်ရေးဝန်ကြီးဌာန၊  မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ၊ဒေါ်နော်မူတာကပေါနှင့်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ဌာနစိတ်ကိုယ်စားလှယ် မစ္စတာဖန်ရှောင်ဟုန်းတို့မှ

ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် အဖွင့်အမှာစကားများအသီးသီးပြောကြားခဲ့ပါသည်။ ဆက်လက်၍  Video

Presentation on CAEXPO ကို ဖွင့်လှစ်ပြသခြင်း၊ ကုန်စည်ပြပွဲဆိုင်ရာကိစ္စများနှင့် တရုတ်ပြည်ထုတ်

ကုန်ပစ္စည်းများအကြောင်းကို သက်ဆိုင်ရာ ကိုယ်စားလှယ်များမှ  ရှင်းလင်းတင်ပြခဲ့ကြပြီး အခမ်းအနားကို

နေ့လည် ၁၂:၀၀ နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

                                                                                               (MTC)

Myanmar
News Category: