BEST PRACTICES FOR INTERNATIONAL BUSINESS အလုပ်ရုံဆွေးနွေးပွဲ နေပြည်တော်၊ Park Royal Hotel တွင် ကျင်းပ

Mon, 05/14/2018 - 20:23 -- tduser

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အခြေစိုက်၊ အီတလီသံရုံး၏ ကုန်သွယ်မှုမြှင့်တင်ရေး ဌာနခွဲ ဖြစ်သည့် Italian Trade Commission နှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့ ပူးပေါင်း၍ ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာ Best Practices for International Business အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို မေလ ၉ ရက်၊ နံနက်ပိုင်းတွင် နေပြည်တော်၊ Park Royal Hotel ၌ ကျင်းပခဲ့ ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ အီတလီသံအမတ်ကြီး H.E. Mr. Pier Giorgio Aliberti ၊ Italian Trade Commissioner Mr. Fabio De Cillis နှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးတို့က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။တက်ရောက် လာကြသူများမှ စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြပါသည်။

ထို့နောက် Best Practices for International Business အလုပ်ရုံဆွေးနွေးပွဲသို့ Italian Trade Agency မှ Technical နည်းပြဆရာ (၂) ဦးနှင့်အဖွဲ့ဝင် (၁) ဦး၊ စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ ဗဟိုအလုပ်အမှုဆောင် ဦးညီညီအောင်နှင့် သင်တန်းသား၊ သင်တန်းသူ (၃၈) ဦး တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်၊ Park Royal Hotel တွင် ၂၀၁၈ ခုနှစ်၊ မေလ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပခဲ့ကြောင်းနှင့် ဆွေးနွေးပွဲတွင် How to Internationalize SMEs ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Negotiating across cultures: the art of giving and taking in international ခေါင်းစဉ်ဖြင့်လည်းကောင်း၊ About Body Language ၊ Communication Basic Principles နှင့် Italy Cultures များ ဆွေးနွေးခြင်း စသည့်ခေါင်းစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

Myanmar
News Category: