Myanmar Franchise Expo & Conference ကုန်စည်ပြပွဲ

Fri, 04/06/2018 - 23:30 -- MyanmaR_TradE_C...

             ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင်  Myanmar Franchise Expo & Conference

  ကုန်စည်ပြပွဲဖွင့်ပွဲကို ၂၀၁၈ ခုနှစ်၊ ဧပြီလ ၆ ရက် နံနက် ၉း၀၀ နာရီတွင် ကျင်းပခဲ့ရာ စီးပွားရေးနှင့်ကူးသန်း

 ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့  ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါမှ 

 ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ဖွင့်ပွဲသို့ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊  စီးပွားရေးလုပ်ငန်းရှင်

 များအပါအ၀င် စုစုပေါင်း(၈၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။ အဆိုပါ ပြပွဲတွင် စားသောက်ကုန် ပစ္စည်းများဖြစ်သော

 ကော်ဖီမှုန့်၊ ဟင်းချက်အနှစ်၊ ဟင်းချက်အရသာမှုန့်၊ မုန့်ဖုတ်ပစ္စည်းများ၊ အချိုရည်များ၊ ခေါက်ဆွဲ ခြောက်များနှင့်

 မုန့်လုပ်သည့် စက်ကိရိယာပစ္စည်းများ ပါဝင်ပြသထားပြီး၊ ဧပြီလ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ နေ့စဉ်

 နံနက် ၉း၀၀ နာရီမှ ညနေ ၅း၀၀ နာရီအထိ အများ ပြည်သူများ ကြည့်ရှု့ လေ့လာဝယ်ယူနိုင်ရန် ဖွင့်လှစ်ပြသထား

 မည်ဖြစ်ပါသည်။

Myanmar
News Category: